ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ



 ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ။ အိန္ဒိယမှာ တန် (၅၀၀) ကျော်လေးပြီး ပေ (၆၀) ရှည်တဲ့ သံတံတားကြီးကို သူခိုးအဖွဲ့တဖွဲ့က ဖြုတ်ယူခိုးသွားခဲ့ပါတယ်။

သူခိုးတွေဟာ Bihar ပြည်နယ် Sasaram မြို့နားက Amiyavar ရွာရှိ မြစ်ကူးတံတားကြီးကို ဖြုတ်ခိုးသွားတာပါ။အစက အစိုးရဘက်က လာဖြုတ်တယ်ထင်ပြီး Amiyavar ရွာသားတွေက ပျော်နေခဲ့ကြပါတယ်။ သံတံတားဟောင်းကြီးကိုဖြုတ်ပြီး အစိုးရက တံတားသစ်တည်ဆောက်ပေးတော့မယ်လို့ထင်နေခဲ့ကြတာပါ။


သူခိုးတွေဟာ ဆည်မြောင်းဌာနကပုံစံ အကွက်ဖမ်းပြီး ခပ်တည်တည်နဲ့ ဘူဒိုဇာတွေ၊ ဂတ်စ်သံဖြတ်ကိရိယာတွေသုံးပြီး သံငုတ်ပါမကျန်တူးထုတ်ယူသွားခဲ့ကြတာပါ။ တံတားကြီးတစ်စင်းလုံးဖြုတ်ခိုးခံရပြီးမှ ရွာသားတွေဟာ ကျောချမှဓားပြမှန်း သိခဲ့ကြပါတယ်။

ဒီကိစ္စဟာ ဟိုးလေးတကျော်ဖြစ်သွားပြီးနောက် ရဲကအသည်းအသန် လိုက်ခဲ့ရာမှာ လူ (၈) ယောက်ကို ဖမ်းဆီးမိထားပါတယ်။ သူခိုးတွေထဲမှာ ရေအရင်းအမြစ်ဌာနက sub-divisional officer (SDO) ဝန်ထမ်းတစ်ယောက်ရယ် RJD လက်ဝဲယိမ်းနိုင်ငံရေးပါတီက block-level ခေါင်းဆောင်တစ်ယောက်ရယ်ပါဝင်တယ်လို့ ဆိုပါတယ်။


ဒီသံတံတားကြီးကို သံတိုသံစအဖြစ် လက်မြန်ခြေမြန်အစဖျောက်လိုက်ရာမှာ သူခိုးတွေဆီကနေ သံထည် (၂၄၇) ကီလိုဂရမ်နဲ့ ရူးပီး (၃၁၀၀) ပဲပြန်ရသေးပါတယ်။ အရင်ရက်တွေကလည်း Rohtas ဒိစတြိတ်က ပေ (၆၀) ရှည်တဲ့ သံတံတားကြီးကို သူခိုးတွေဖြုတ်ခိုးသွားခဲ့သေးတာပါ။

အိန္ဒိယရဲတွေက ဒီတံတားခိုးဂိုဏ်းနဲ့ ဆက်စပ်သူ ရွာသားတွေ၊ နိုင်ငံရေးသမားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ သံထည်ဝယ်သူတွေကိုပါဖမ်းမယ်လို့ ဆိုထားပါကြောင်း။

Comments

Popular posts from this blog

ရေဆိုးမြောင်းထဲတွင် နစ်နေသော ကြောင်လေးအား ကြင်နာစွာကယ်တင်ပေးခဲ့သော ကောင်လေ