Posts

Showing posts from August, 2022

ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ

Image
  ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ။ အိန္ဒိယမှာ တန် (၅၀၀) ကျော်လေးပြီး ပေ (၆၀) ရှည်တဲ့ သံတံတားကြီးကို သူခိုးအဖွဲ့တဖွဲ့က ဖြုတ်ယူခိုးသွားခဲ့ပါတယ်။ သူခိုးတွေဟာ Bihar ပြည်နယ် Sasaram မြို့နားက Amiyavar ရွာရှိ မြစ်ကူးတံတားကြီးကို ဖြုတ်ခိုးသွားတာပါ။အစက အစိုးရဘက်က လာဖြုတ်တယ်ထင်ပြီး Amiyavar ရွာသားတွေက ပျော်နေခဲ့ကြပါတယ်။ သံတံတားဟောင်းကြီးကိုဖြုတ်ပြီး အစိုးရက တံတားသစ်တည်ဆောက်ပေးတော့မယ်လို့ထင်နေခဲ့ကြတာပါ။ သူခိုးတွေဟာ ဆည်မြောင်းဌာနကပုံစံ အကွက်ဖမ်းပြီး ခပ်တည်တည်နဲ့ ဘူဒိုဇာတွေ၊ ဂတ်စ်သံဖြတ်ကိရိယာတွေသုံးပြီး သံငုတ်ပါမကျန်တူးထုတ်ယူသွားခဲ့ကြတာပါ။ တံတားကြီးတစ်စင်းလုံးဖြုတ်ခိုးခံရပြီးမှ ရွာသားတွေဟာ ကျောချမှဓားပြမှန်း သိခဲ့ကြပါတယ်။ ဒီကိစ္စဟာ ဟိုးလေးတကျော်ဖြစ်သွားပြီးနောက် ရဲကအသည်းအသန် လိုက်ခဲ့ရာမှာ လူ (၈) ယောက်ကို ဖမ်းဆီးမိထားပါတယ်။ သူခိုးတွေထဲမှာ ရေအရင်းအမြစ်ဌာနက sub-divisional officer (SDO) ဝန်ထမ်းတစ်ယောက်ရယ် RJD လက်ဝဲယိမ်းနိုင်ငံရေးပါတီက block-level ခေါင်းဆောင်တစ်ယောက်ရယ်ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီသံတံတားကြီးကို သံတိုသံစအဖြစ် လက်မြန်ခြေမြန်အစဖျောက်လိုက်ရာမှာ သူခို...