Posts

ရေဆိုးမြောင်းထဲတွင် နစ်နေသော ကြောင်လေးအား ကြင်နာစွာကယ်တင်ပေးခဲ့သော ကောင်လေ

Image
  အခက်အခဲတွေ့နေသော တစ်ဖက်သားကို ကိုယ်ကျိုးမကြည့်ပဲ ကူညီသည့် သူများသည် အသက်ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ အင်မတန်မှ လေးစားဖွယ်ကောင်းသည်။  ယခုအခါတွင်လည်း မလေးရှားနိုင်ငံမှ ကောင်လေးတစ်ယောက်သည် အရွယ်နှင့်မလိုက်အောင် စိတ်ထားလေးက မွန်မြတ်ခြင်းဖြင့် အများဧ။်ချီးကျူးခြင်းကို ခံနေရသည်။ ကောင်လေးသည် လမ်းဖြတ်သွားရင်း အော်သံကြား၍ ကြည့်မိရာ ရေဆိုးမြောင်း တံတားအောက်တွင် နစ်နေသော သနားစရာကြောင်လေးတစ်ကောင်အားတွေ့ရှိခဲ့သည်။ ကောင်လေးသည် ကိုယ်နှင့်မဆိုင်သလို ကျော်သွားခြင်းမရှိပဲ အိမ်သို့ပြေးပြန်ပြီး ခြင်းငယ်လေးတစ်ခုယူခဲ့ကာ ညစ်ပတ်နံစော်နေသော ရေမြောင်းထဲသို့ဆင်းကာ ကြောင်လေးဧ။် အသက်အား ကယ်တင်ခဲ့ခြင်းဖြင့် ကြောင်ပိုင်ရှင်မှ ကောင်လေးကို ကျေးဇူးတင်စကားများ ဆိုခဲ့သည်။

ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ

Image
  ပေ (၆၀) ရှည်တဲ့သံတံတားကြီးတခုလုံးကို ခိုးယူသွားခဲကြတဲ့ super သူခိူအဖွဲ။ အိန္ဒိယမှာ တန် (၅၀၀) ကျော်လေးပြီး ပေ (၆၀) ရှည်တဲ့ သံတံတားကြီးကို သူခိုးအဖွဲ့တဖွဲ့က ဖြုတ်ယူခိုးသွားခဲ့ပါတယ်။ သူခိုးတွေဟာ Bihar ပြည်နယ် Sasaram မြို့နားက Amiyavar ရွာရှိ မြစ်ကူးတံတားကြီးကို ဖြုတ်ခိုးသွားတာပါ။အစက အစိုးရဘက်က လာဖြုတ်တယ်ထင်ပြီး Amiyavar ရွာသားတွေက ပျော်နေခဲ့ကြပါတယ်။ သံတံတားဟောင်းကြီးကိုဖြုတ်ပြီး အစိုးရက တံတားသစ်တည်ဆောက်ပေးတော့မယ်လို့ထင်နေခဲ့ကြတာပါ။ သူခိုးတွေဟာ ဆည်မြောင်းဌာနကပုံစံ အကွက်ဖမ်းပြီး ခပ်တည်တည်နဲ့ ဘူဒိုဇာတွေ၊ ဂတ်စ်သံဖြတ်ကိရိယာတွေသုံးပြီး သံငုတ်ပါမကျန်တူးထုတ်ယူသွားခဲ့ကြတာပါ။ တံတားကြီးတစ်စင်းလုံးဖြုတ်ခိုးခံရပြီးမှ ရွာသားတွေဟာ ကျောချမှဓားပြမှန်း သိခဲ့ကြပါတယ်။ ဒီကိစ္စဟာ ဟိုးလေးတကျော်ဖြစ်သွားပြီးနောက် ရဲကအသည်းအသန် လိုက်ခဲ့ရာမှာ လူ (၈) ယောက်ကို ဖမ်းဆီးမိထားပါတယ်။ သူခိုးတွေထဲမှာ ရေအရင်းအမြစ်ဌာနက sub-divisional officer (SDO) ဝန်ထမ်းတစ်ယောက်ရယ် RJD လက်ဝဲယိမ်းနိုင်ငံရေးပါတီက block-level ခေါင်းဆောင်တစ်ယောက်ရယ်ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီသံတံတားကြီးကို သံတိုသံစအဖြစ် လက်မြန်ခြေမြန်အစဖျောက်လိုက်ရာမှာ သူခို...